ပျော်ဘွယ်မြို့နယ်တွင် မြို့နယ်အဆင့်ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

ပျော်ဘွယ် အောက်တိုဘာ ၅

ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မြို့နယ်အဆင့်ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း (ပန်းစုံ)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားအား မြတ်ဆရာသီချင်းဖြင့်ဖျော်ဖြေဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှပေးပို့သော ကမ္ဘာ့ဆရာများနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်က ဖတ်ကြားပြီး ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့(၅)ဖွဲ့မှ ပေးပို့သောသဝဏ်လွှာအား တာဝန်ခံမြို့နယ်ပညာရေးမှူး ဒေါ်မိမိခင်က ဖတ်ကြားသည်။

ထို့နောက် မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများအလိုက် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်နှင့်တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)