ကျွန်းစု အောက်တိုဘာ ၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၃ခုနှစ် အမျိုးသားအဆင့် တိရစ္ဆာန်သန်းခေါင်စာရင်း ကောက်ယူခြင်းကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ကတ္တလူကျေးရွာအုပ်စု၊ လိပ်ကြယ်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိရစ္ဆာန်သန်းခေါင်စာရင်း ကောက်ယူရန်အတွက် လိပ်ကြယ်ကျေးရွာတာဝန်ခံများကို သင်တန်းပေး၍ ကျေးရွာအတွင်းရှိ အိမ်ထောင်စုအလိုက် မွေးမြူထားသော အိမ်မွေး တိရစ္ဆာန်များနှင့် စီးပွားဖြစ်မွေးမြူထားသော ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ကြက်၊ ဝက်၊ ဘဲ စသည့် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးငြိမ်းကိုကိုနှင့် ဝန်ထမ်းများက လက်တွေ့ကွင်းဆင်း ကောက်ယူမှုစနစ်အား ပြသခဲ့ကြောင်း သိရသည်။
စိုးစိုးသွယ်(ကျွန်းစု)