သတင်းများ

ပြည်ကြီးတံခွန်မြို့နယ် အ-ထ-က (၃၉) ၌ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 30,2023
မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်၌ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်ကအားထားရသည့် လူကောင်းလူတော်များ ဖြစ်လာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီက အမှတ် (၃၉) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ရာသီဥတုပြောင်းလဲမှု ဟန့်တားတိုက်ဖျက်ရေးအကြောင်း အသိပညာပေး Talk Show ဆောင်ရွက်
Aug 30,2023
ရာသီဥတုပြောင်းလဲမှု ဟန့်တားတိုက်ဖျက်ရေးအကြောင်း အသိပညာပေး Talk Showကို ဩဂုတ်လ ၂၉ရက်နေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ဆောင်ရွက်ခဲ့ကြသည်။
နောင်ချိုမြို့နယ်  ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောက်ဂူ(မူလွန်)ကျောင်းတွင် ကျောင်းကျန်းမာရေးကွင်းဆင်းဆောင်ရွက်
Aug 30,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ကျောင်းသား၊ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းကို ယမန်နေ့နံနက်၉နာရီက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောက်ဂူ(မူလွန်)တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား Biometric Data ကောက်ယူ၊ UID နံပါတ်များ ထုတ်ပေး
Aug 30,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဇီဝဆိုင်ရာအချက်အလက်များ(Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို သြဂုတ်လ(၂၈)ရက်နေ့မှ စတင်ကာ အ.ထ.က (ကျွန်းစု)ကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မန္တလေးမြို့နယ် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ကျွဲ၊နွားများအား ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများဆောင်ရွက်
Aug 30,2023
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်အဖြစ် အသိပညာပေးဟောပြောခြင်းနှင့် ကျွဲ၊ နွားများအား ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းကပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီးကုန်းရပ်ကွက်တွင် ကျင်းပခဲ့သည်။
ဘုတ်ပြင်းတပ်နယ်မှ အခြေခံစားကုန်များနှင့် ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေး
Aug 30,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန်အတွက် ဘုတ်ပြင်းတပ်နယ်မှ အခြေခံစားကုန်များနှင့် ဟင်းသီးဟင်းရွက်များကို ယမန်နေ့ညနေက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း၌ လာရောက်ရောင်းချပေးခဲ့ ကြောင်း သိရသည်။
မန္တလေးမြို့ သန့်ရှင်းသာယာလှပစေရန် ကမ်းနားလမ်းနှင့်သင်္ဂဇာချောင်းအတွင်း သန့်ရှင်း‌လုပ်ငန်းများဆောင်ရွက်
Aug 30,2023
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည် ကမ်းနားလမ်းနှင့်သင်္ဂဇာချောင်း သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စီမံချက်ချမှတ်၍ သက်ဆိုင်ရာဌာနများ လုပ်ငန်းကဏ္ဍအသီးသီးအလိုက် နေ့စဥ်ဆောင်ရွက်လျက်ရှိသည်။
ပုသိမ်မြို့ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းပြုလုပ်
Aug 30,2023
လူငယ်များဗလငါးတန်ပြည့်စုံ၍ ထူးချွန်ထက်မြက်သည့်လူငယ်များ ဖြစ်လာစေရန်၊ လူအများနှင့် ဆွေးနွေးပြောဆိုမှု ပြုတတ်စေရန်အတွက် ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။