Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ကွန်ပျူတာ တက္ကသိုလ် (ဟင်္သာတ) တွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ
Oct 03,2023
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့ရှိ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ဘွဲ့နှင်းသဘင် ခန်းမ၌ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန စတင် တည်ထောင်သည့် ဌာနနှစ်ပတ် လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်မြို့၌ ကျင်းပပြုလုပ်သည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တက်ရောက်
Oct 03,2023
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်က ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ပြုလုပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ ရှေ့တန်းအမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးမင်းမောင်၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိ/အရာခံများနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝှေခါကျေးရွာရှိ လုပ်ကွက်ကျင်းဟောင်းရေကန်နှင့် စပ်လျဥ်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး
Oct 03,2023
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာရှိ လုပ်ကွက်ကျင်းဟောင်း ရေကန်နှင့် စပ်လျဥ်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကြည့်မြင်တိုင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Oct 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ မီးသတ်ဦးစီးဌာနမှူးရုံး၌ ယမန်နေ့၊ နံနက် ၁၀ နာရီက အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း(Online Sales)လုပ်ငန်းများ မှတ်ပုံတင်စနစ်ကို eComReg System တွင်စတင်၍ မှတ်ပုံတင်နိုင်ရေးအသိပညာပေးခြင်းနှင့် ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ
Oct 03,2023
အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း(Online Sales)လုပ်ငန်းများ မှတ်ပုံတင်ခြင်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ(၂)ရက်နေ့မှစတင်၍ eComReg System (https://www.ecomreg.gov.mm)တွင် မှတ်ပုံတင်နိုင်ကြောင်းကို ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည့် အွန်လိုင်းစနစ်ဖြင့်ရောင်းချသူများ(Online Sales) မှတ်ပုံတင်နိုင်ရေး အသိပညာပေးခြင်းနှင့် eComReg System ဖွင့်လှစ်ပွဲအခမ်းအနားတွင် သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ဂုဏ်ပြုဆုများ တက်ရောက်ချီးမြှင့်
Oct 03,2023
ကချင်ပြည်နယ်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကို မြို့နယ်အသီးသီးမှ ဘာသာရပ်အလိုက် ပြိုင်ပွဲဝင်ဦးရေ ၁၄၆ ဦးတို့က ပြိုင်ပွဲအမျိုး အစားအလိုက် (၃)ရက် ကြာ ကျင်းပပြုလုပ်ခဲ့ရာ ဆုချီးမြှင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့ ညနေ ၃ နာရီက မြစ်ကြီးနားမြို့ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Oct 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက အလုံမြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်၌ အဂတိလိုက်စားမူတိုက်ဖျက်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်
Oct 03,2023
အဂတိလိုက်စားမူတိုက်ဖျက်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9298
Page
9299
Page
9300
Page
9301
Current page
9302
Page
9303
Page
9304
Page
9305
Page
9306
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department