သတင်းများ

ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့၌ နံသာတောင်ပရဟိတကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ကျောင်းသူများနှင့် သင်ကြားပြသခဲ့ကြသော ဆရာ၊ ဆရာမများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲကျင်းပ
Oct 03,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့အတွင်းရှိ နယ်စပ်ဒေသ နံသာတောင် ပညာဒါန ပရဟိတကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် သင်ကြားပြသခဲ့ကြသောဆရာ ၊ဆရာမများအား ပညာရည်ချွန် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက  အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မုဒုံမြို့တွင် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးနှင့် အသိပညာပေးဟောပြောခြင်း နံရံပိုစတာပြသခြင်းဆောင်ရွက်
Oct 03,2023
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးနှင့် လူငယ်လူရွယ်များ အသိပညာဗဟုသုတရရှိစေရန် ဟောပြောခြင်း၊ နံရံကပ်ပိုစတာပြသခြင်းကို ယနေ့နံနက် (၁၀)နာရီက အမက (ထိန်ကုန်း) စာသင်ကျောင်း၌ ပြုလုပ်သည်။
သာယာဝတီမြို့နယ်တွင် ကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော
Oct 03,2023
‌ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ‌သာယာဝတီမြို့နယ်၊‌ သုံးဆယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (သုံးဆယ်) ပီမိုးနင်းခန်းမ၌ အမှတ် (၂) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ် (သာယာဝတီ)မှ ဦးဆောင်၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
နမ္မတူမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသ
Oct 03,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကို အောက်တိုဘာလ (၂)ရက်နေ့ နံနက် (၉)နာရီခွဲအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ကျင်းပခဲ့သည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ မွေးကင်းစမှ(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက်
Oct 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက် ၉ နာရီအချိန်က မွေးကင်းစမှ(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ကြကြောင်းသိရသည်။
ရခိုင်ပြည်နယ်မောင်တောမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနတွင် အခမ်းအနားမှူးသင်တန်း အမှတ်စဉ်(၁/၂၀၂၃)ဖွင့်လှစ်
Oct 03,2023
ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ မောင်တောမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှကြီးမှူးဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်းအမှတ်စဉ်(၁/၂၀၂၃)ကို ယနေ့ နံနက် ၁၀ နာရီအချိန်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ချောင်းဆုံမြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေး နေကြာသီးနှံစိုက်ပျိုးတောင်သူများအား နည်းပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်
Oct 03,2023
စားနပ်ရိက္ခာဖူလုံရေးကိုရှေးရှုပြီး ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်ရန် တောင်သူများဝင်ငွေတိုးတက်ရရှိစေနိုင်သည့် သီနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းတိုးတက်စေရန်အတွက် တောင်သူများနေကြာသီးနှံစိုက်ပျိုးခြင်းဖြင့် အချိန်တိုအတွင်းအကျိုးအမြတ်များရရှိစေရန်အတွက် ယနေ့နံနက်က  ချောင်းဆုံမြို့နယ် ဒေါင်းရပ်အရှေ့ကျေးရွာခန်းမတွင် တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဂွမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အခမ်းအနားမှူးသင်တန်းဖွင့်လှစ်
Oct 03,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှူး၍ ၁/၂၀၂၃ အခမ်းအနားမှူးသင်တန်းဖွင့်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နေ့လယ်ပိုင်းက  ကျင်းပပြုလုပ်ခဲ့သည်။