အလုံ စက်တင်ဘာ ၃
အဂတိလိုက်စားမူတိုက်ဖျက်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(ရန်ကုန်ရုံးခွဲ)မှ ဒုတိယစုံစမ်းရေးမှူးဒေါ်အေးသိမ့်သိမ့်ချိုမှ အဂတိတိုက်ဖျက်ရေးကော်မရှင်မှ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းနေအရွယ်ကတည်းက အဂတိလိုက်စားမှုနှင့်ပတ်သက်၍ သိရှိလိုက်နာရမည့်အကြောင်းအရာများကို ရုပ်ပြ၊ ကဗျာ၊ သီချင်းများဖြင့် အသိပညာပေးဟောပြောခဲ့သည်။
အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(ရန်ကုန်ရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူးဦးဆန်းတင့်နှင့်အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သိင်္ဂီနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တင်တင်ချို (ပြန်/ဆက်)