အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ
Oct 03,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင် သင်တန်းသူ၊ သင်တန်းသားများကို အားကစားနှင့် ကျန်းမာရေးအသိပညာ တိုးပွားစေရန် ရည်ရွယ်၍ လပွတ္တာခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနှင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါသင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။