ကျေးလက်နေမိသားစုဝင်ငွေတိုးရေး လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း စစ်တွေမြို့၌ ဖွင့်လှစ်
Aug 25,2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားရေးစီမံကိန်းအရပြုလုပ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက စစ်တွေမြို့၊ ကြွီတဲကျေးရွာအုပ်စု၊ ပိုက်ဆိပ်ကြီးကျေးရွာ၊ ကြွီတဲရွာမဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။