မုံရွာ ဇူလှိုင် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက် ၉ နာရီက မုံရွာမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ဦးစွာ မုံရွာမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်မိုအောင်က မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မီးဘေးအန္တရာယ်ဖြစ်ပေါ်နိုင်ခြေရှိသည့် အရာများဖြစ်ပေါ်လာပါက လုပ်ဆောင်သင့်သည့် အကြောင်းအရာများကိုလည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာလျှင် အရေးပေါ်ဆောင်ရွက်နိုင်ရန်အတွက် ပြုလုပ်ဆောင်ရွက်သင့်သည့် အရာများကို လည်းကောင်း အသိပညာပေးရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ မြိုနယ်မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မီးဘေးအန္တရာယ်ကြုံတွေ့ရပါက မီးသတ်ဆေးဘူးအသုံးပြုပုံ၊ မီးငြိမ်းသတ်ပုံများနှင့် လူနာကယ်ဆယ်နည်းများအပြင် ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုများကို ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့သရုပ်ပြ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)