လေးမျက်နှာ ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ရှေးဟောင်းသမိုင်းဝင် စတုမုခထူပါရုံ စေတီတော် ဘုရားဝန်းအတွင်း ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီတွင် ဆောင်ရွက်ခဲ့သည်။ ရှေးဟောင်းသမိုင်းဝင် စတုမုခထူပါရုံ စေတီတော် ဘုရားဝန်းအတွင်း သန့်ရှင်းသာယာလှပစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းအင်အား(၁၀၀)ခန့်စုပေါင်း၍ ဘုရားဝန်းအတွင်း အမှိုက်များရှင်းလင်းခြင်း၊ ပလပ်စတစ်အိတ်များကောက်ခြင်း၊ ရှင်းလင်းပြီးအမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
လေးမျက်နှာမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများ၊ အခြေခံပညာကျောင်းများသို့လည်း အခါအားလျော်စွာ စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)