လေးမျက်နှာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား UID ကတ်များ ဆောင်ရွက်ပေး

လေးမျက်နှာ ဇူလိုင် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ပင်စင်ထုတ်ယူရာတွင် လွယ်လင့်တကူ ဖြစ်စေရေးအတွက် UID ကတ်များကို ယနေ့နံနက်ပိုင်းက ထုတ်ပေးလျက်ရှိသည်။

နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ပင်စင်ထုတ်ယူရာတွင် လွယ်လင့်တကူဖြစ်စေရေးအတွက် နံပါတ်ဆယ်လုံးပါ UID ကတ်များ ဆောင်ရွက်ပေးနေမှုကို မြို့နယ်လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်ထွန်းနိုင်နှင့် ဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။ ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူရာ၌ ဇူလိုင်လ ၂၅ ရက်နေ့အထိ အချက်အလက်မှန်ကန်သူ ကျား(၉၄)ဦး၊ မ(၇၆)ဦး၊ စုစုပေါင်း (၁၇၀)ဦးကို UID ကတ်များ ထုတ်ပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)