ပလောက် ဇူလိုင် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်များသည် ရုံးလုပ်ငန်း အရည်အသွေး တိုးတက်မြင့်မားရေး၊ လုပ်ငန်းတိုးတက်မြန်ဆန်ရေးနှင့် နည်းစနစ်တကျ ဆောင်ရွက်နိုင်ရေး ရုံးလုပ်ငန်းလက်စွဲပါစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက ရုံးလုပ်ငန်းများကို နည်းစနစ်မှန်ကန်စွာ ဆောင်ရွက်နိုင်ရေး ရုံးလုပ်ငန်းလက်စွဲပါ စာအုပ်အား လေ့လာသိရှိထားကြရန်လိုအပ်ကြောင်း၊ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးသည်။ ထို့နောက် စာကြည့်တိုက်လက်ထောက်-၃ မှ ရုံးစာရေးသားနည်းအားလည်းကောင်း၊ အငယ်တန်းစာရေးမှ လုပ်ငန်းမှတ်တမ်းရေးသားခြင်း စသည်တို့ကို အသီးသီး ဆွေးနွေးမေးမြန်းကြရာ မြို့ဦးစီးမှူးက ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ပလောက် (ပြန်/ဆက်)