တံတားဦးမြို့နယ် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ပြည်သူများ လက်ဝယ်အရောက်ရောင်းချ

တံတားဦး ဇူလိုင် ၂၅

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ပြည်သူများသို့ အခြေခံ စားသောက်ကုန်များများအား ယနေ့နံနက် ၇ နာရီက တံတားဦးမြို့ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးတောင်ဘက်လမ်းတွင် သက်သာသောဈေးနှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက်  ရောင်းချပေးကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာ၌ တံတားဦးခရိုင်/မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် တံတားဦးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ဆန်ကုန်သည်များအသင်း၊ ဆီကုန်သည်များအသင်းနှင့် ဥစားကြက်မွေးမြူရေးလုပ်ငန်းရှင်များပူးပေါင်း၍ ပြည်သူများအတွက် လက်ရှိကာလပေါက်ဈေးနှုန်းထက် ၂၀ ရာခိုင်နှုန်းလျော့ချ၍ ရောင်းချ ခဲ့ရာအမဲသားမှာ မူရင်းဈေးဖြစ်သည့် တစ်ပိဿာလျှင်(၃၄၀၀၀)ကျပ်အစား သက်သာသောဈေးအဖြစ် တစ်ပိဿာလျှင် ၂၈၀၀၀ ကျပ်ဖြင့် အချိန်(၃၀)ပိဿာ၊ ဝက်သားမှာ မူရင်းဈေးဖြစ်သည့် တစ်ပိဿာလျှင် (၃၆၀၀၀)ကျပ်အစား သက်သာသောဈေးအဖြစ် တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်ဖြင့် အချိန်(၃၅)ပိဿာ၊ ဆိတ်သားမှာ မူရင်းဈေးဖြစ်သည့် တစ်ပိဿာလျှင်(၄၄၀၀၀)ကျပ်အစား  သက်သာသောဈေးအဖြစ် တစ်ပိဿာလျှင် ၃၆၀၀၀ ကျပ်ဖြင့် အချိန်(၁၅)ပိဿာ၊ ကြက်ဥတစ်လုံးလျှင်မူရင်းဈေးမှာ (၄၅၀)ကျပ်အစား သက်သာသောဈေးအဖြစ် တစ်လုံးလျှင်(၃၀၀)ကျပ်ဖြင့် ကြက်ဥ(၁၅၀၀)လုံး၊ စားဆီတစ်ပိဿာလျှင် မူရင်းဈေးမှာ (၁၀၀၀၀)ကျပ်အစား သက်သာသောဈေးအဖြစ် တစ်ပိဿလျှင်(၇၄၀၀)ကျပ်ဖြင့် ဆီ(၁၁၀)ပိဿာ၊ ဆန်တစ်ပြည်လျှင် မူရင်းဈေးမှာ(၄၅၀၀)ကျပ်အစား သက်သာသောဈေးအဖြစ် တစ်ပြည်လျှင် (၃၅၀၀)ကျပ်ဖြင့် ဆန်(၂၆၀)ပြည် တို့ကို စားသုံးများ၏ လက်ဝယ်အရောက် ရောင်းချပေးကြောင်း သိရသည်။

အဆိုပါရော်းချနေမှုအား တံတားဦးမြို့ စည်ပင်သာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်မင်းမင်းထွန်းနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာတာဝန်ရှိသူများရောင်းဈေးရောင်း၊ ဈေးဝယ်များ ကြည့်ရှုအားခဲ့ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)