မိုင်းယောင်းမြို့၌ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူ

မိုင်းယောင်း ဇူလိုင် ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်များကောက်ယူခြင်းနှင့် UID ကတ်များ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က မြန်မာ့စီးပွားရေးဘဏ်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးဆောင်၍ ဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူလျက်ရှိသော နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်များကောက်ယူပြီး UID ကတ်များကို နေ့ချင်းထုတ်ပေးခဲ့သည်။

အဆိုပါ ဆောင်ရွက်ပေးနေမှုအား ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသန့်ဇင်မျိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်မင်းဆွေနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝေဝေခိုင်(ပြန်/ဆက်)