ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် အွန်လိုင်းလိမ်လည်မှုအကြောင်း သိကောင်းစရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

ဟင်္သာတ ဇူလှိုင် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ရှိ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ပင်မသုံးထပ်ဆောင် ရွှေဝါထွန်းခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက "လူကုန်ကူးမှုအန္တရယ်၊ မူးယစ်ဆေးဝါးအန္တရယ်နှင့် အွန်လိုင်းလိမ်လည်မှုအကြောင်း သိကောင်းစရာ" ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲအခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)မှ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက်၊ မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်သိန်းက ဖြစ်ပွားတတ်သော မှုခင်းဖြစ်ရပ်များ၊ မှုခင်းမဖြစ်ပွားစေရန် ကြိုတင်ကာကွယ် နေထိုင်ရမည့် နည်းလမ်းများ၊ ကျောင်းသား/ သူများအနေဖြင့် သွားလာနေထိုင်ရာတွင် ဆောင်ရန်/ရှောင်ရန် နည်းလမ်းများအား အသိပညာပေးဟောပြောခြင်း၊ လူကုန်ကူးမှုတာဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ ရဲအုပ်လွမ်းမိုးထွန်းက လူကုန်ကူးမှုနှင့် ဖြစ်ပွါးခဲ့သော မှုခင်းဆိုင်ရာများအား အသိပညာပေးဟောပြောခြင်း၊

မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှူးသန်းကျော်ဌေးမှ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ ဟောပြောခဲ့သည်။ ၎င်းနောက် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်မှ လာရောက်ဟောပြောပေးခဲ့ကြသူတို့အား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြတ်အောင် ၊ ဟင်္သာတမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းကျော်ဌေး၊ ဟင်္သာတမြို့မ ရဲစခန်းမှူး ဒုရဲမှူးမြင့်သိန်း၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့၊ တပ်ဖွဲ့စိတ် (၂) ဟင်္သာတမှ ရဲအုပ်လွမ်းမိုးထွန်း၊ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)မှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)