အောင်လံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

အောင်လံ ဇူလိုင် ၂၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အောင်လံမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးဟောင်း)၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အောင်လံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှရွှေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အောင်လံမြို့နယ် ရွေးကောက်ပွဲအရာရှိ ဦးအောင်ကျော်ဝင်းက မဲပေးစက်နှင့်ပတ်သက်၍ ထိန်းချုပ်စက်၊ ဆန္ဒပြုစက်၊ မဲပေးချက်ဖော်ပြစက်အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မဲပေးစက်နှင့်ပတ်သက်၍ နည်းပြ၊ အကူနည်းပြများမှ လက်တွေ့စမ်းသပ်သင်တန်းပို့ချဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများမှ မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် ခလုပ်နှိပ်မဲပေးခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)