ဟင်္သာတမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UID (Smart) ကတ်များ ဆောင်ရွက်ပေး 

ဟင်္သာတ ဇူလိုင် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင်  နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား   (Biometric) အချက်အလက်ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် မြန်မာ့စီးပွားရေးဘဏ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး  ဝန်ထမ်းများက  ဆောင်ရွက်ပေးလျက်ရှိသည်။

ဟင်္သာတမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာ ထုတ်ယူရာ၌ ခေတ်မီနည်းပညာအသုံးပြု စိစစ်ဆောင်ရွက်နိုင်ရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဖြိုးဝေအောင် ဦးဆောင်၍ လဝကမှူး ဦးမျိုးဝင်းအောင်နှင့် ဝန်ထမ်းများက  နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Unique ID နံပါတ်ပါကတ်ပြားကို ထုတ် ပေးလျက်ရှိသည်။

ထို့သို့ဆောင်ရွက်ပေးရာတွင် ဇီဝဆိုင်ရာအချက်အလက်ကောက်ယူရာ၌ ဇူလိုင်လ ၂၃ ရက်နေ့အထိ အချက်အလက်မှန်ကန်သူ ကျား  ၇၂၀ ဦး၊ မ ၁၀၅၆  ဦးအား စုစုပေါင်း  ၁၇၇၆ဦး အား UID များ ထုတ်ပေးခဲ့ကြောင်း  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)