ဇီးကုန်းမြို့နယ်တွင် ဂျီအီးစီ (ပညာရေး) သမဝါယမအသင်းလီမိတက်နှင့် မဏ္ဍိုင်ငွေစုငွေချေး သမဝါယမအသင်းလီမိတက်တို့၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ဇီးကုန်း ဇူလိုင် ၂၅

ပဲခူးတိုင်း‌ဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် ဂျီအီးစီ (ပညာရေး) သမဝါယမအသင်းလီမိတက်နှင့် မဏ္ဍိုင်ငွေစုငွေချေး သမဝါယမအသင်းလီမိတက်တို့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက အ.ထ.က (ဇီးကုန်း) ခန်းမ‌ဆောင်တွင်ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သဘာပတိဦးရဲထွဋ်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် အသင်း၏ ကိစ္စရပ်များ၊ ရှေးလုပ်ငန်းစဉ်များကိုပြောကြားပြီး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်‌ရွှေစင်က အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပရခြင်း ရည်ရွယ်ချက်နှင့် အသင်းအားရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အသင်းမှတာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အမှုဆောင် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းတို့ကို ဖတ်ကြားတင်ပြခဲ့ရာ တက်ရောက်လာသူများမှ သိရှိလိုသည့် ဆွေးနွေးမေးမြန်းချက်များအား တာဝန်ရှိသူများက ပြန်လည်းရှင်းလင်းပေးခဲ့ကြာင်း သိရသည်။

တင့်ဆွေ (ပြန်/ဆက်)