နမ့်စန်(တ) မြို့တွင် စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်
Jul 22,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်စာပေဝါသနာရှင်များ အသင်း (Book Club) ၏ ပုံမှန်စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ရာ မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် မြို့နယ်စာပေဝါသနာရှင်များအသင်း (Book Club) အဖွဲ့ဝင်များ၊ ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် စာဖတ်ပရိသတ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။