ပုသိမ်မြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုးစပါးစိုက်ဧက (၁၀၀၀) အတွက် ဓာတ်မြေဩဇာများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ပုသိမ် ဇူလိုင် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုး ဆောင်ရွက်မည့် တောင်သူများအား ဓာတ်မြေဩဇာအိတ်များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဘုရားကြီးကုန်းကျေးရွာ၊ ကြံတည်ဆန်စက်တွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပုသိမ်မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက အမှာစကားပြောကြားခဲ့ပြီး သမဝါယမဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော မိုးစပါးစိုက်ဧက (၁၀၀၀)အတွက် ဓာတ်မြေဩဇာအိတ်များကို မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တောင်သူများထံသို့ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

မြင့်ဟန်