သတင်းများ

နတ်မောက်မြို့နယ်အတွင်း ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Oct 11,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေး၊ ရေကြီးရေလျှံ မဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး လုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဈေးရပ်ကွက် ဘုရင့်နောင်လမ်း(ဘူတာသစ်လမ်း) ရေထွက်ပေါက်နှင့် ရေလမ်းကြောင်းတစ်လျှောက် ရေစီးဆင်းမှု အခြေအနေတို့ကို အမှုဆောင်အရာရှိမှ တာဝန်ခံအင်ဂျင်နီယာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ကွတ်ခိုင်မြို့၌ ပန်းခင်းစီမံချက်အဆင့်(၂) နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနား ကျင်းပ
Oct 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ကြီးမှူးကျင်းပသည့် တာမိုးညဲဒေသ မုန်းဝန်းတိုင်းရင်းသားများအား ပန်းခင်းစီမံချက်အဆင့်(၂) နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့မဈေးကြီးအတွင်း အသားဆိုင်များသတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး
Oct 11,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စားသုံးသူ ပြည်သူများဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့မဈေးကြီးအတွင်း (အမဲသား၊ ဝက်သား၊ဆိတ်သား)အသားများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိကို  ယနေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့သည်။
နတ်မောက်မြို့နယ် ချည်မျှင်ရှည်ဝါ ရွှေတောင်- ၁၀ မျိုးစေ့ထုတ်ဧက (၁၀၀) အောင်မြင်ဖြစ်ထွန်းမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
Oct 11,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ရွာမွန်ကျေးရွာရှိစိုက်ပျိုးထားသော ချည်မျှင်ရှည်ဝါ ရွှေတောင်-၁၀ မျိုးစေ့ထုတ်ဧက(၁၀၀) အောင်မြင်ဖြစ်ထွန်းမှုအခြေအနေအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေတောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် စီးပွားရေးတွက်ခြေကိုက်၍ ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် ချည်မျှင်ရှည်ဝါများကို စိုက်ပျိုးလျက်ရှိရာ ရွာမွန်ကျေးရွာအုပ်စုတွင် ချည်မျှင်ရှည်ဝါ ရွှေတောင်-၁၀ မျိုးစေ့ထုတ်ဧက(၁၀၀) စိုက်ပျိုးထားပြီး စိုက်ပျိုးပြီးဧကအားလုံး တစ်ဧကပန်းတိုင်အထွက်နှုန်း ကောင်းမွန်ရေး၊ စိုက်ပျိုးပြီးဧကများအား အပင်သက်တမ်းတစ်လျှောက် ကြီးထွားမှုအဆင့်တိုင်း ပိုးမွှားကင်းစင်ရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေး ဒေသခံတောင်သူများနှင့်ပေါင်းစပ်၍ ဆောင်ရွက်လျက်ရှိသည်။
ပေါင်းတည်၌ တိုင်ထောင်ပဲတောင့်ရှည်များ စတင်စိုက်ပျိုး
Oct 11,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကောက်လျင်စပါးများ ရိတ်သိမ်းပြီးနောက် တောင်သူများသည် ပဲတောင့်ရှည်များကို တိုင်ထောင်၍ စတင်စိုက်ပျိုးလျက်ရှိပြီး ယခုအခါ ရှင်သန်ကြီးထွားအောင်မြင်လျက်ရှိသည်။
ပွင့်ဖြူမြို့မစည်ပင်သာယာဈေးကြီးအား မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံစေရေးအတွက် ကွင်းဆင်းစစ်ဆေး
Oct 11,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစည်ပင်သာယာဈေးကြီးအား ပွင့်လင်းရာသီကာလ မီးဘေးလုံခြုံစေရန်နှင့် ဈေးလုံခြုံမှုရှိစေရန် ရည်ရွယ်၍ ဈေးတာဝန်ခံ ဝန်ထမ်းများက ဈေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး  ယမန်နေ့ ည ၆ နာရီခွဲအချိန်က  မြို့မစည်ပင်သာယာဈေးကြီး အတွင်း၊အပြင်ရှိ ဈေးဆိုင်ခန်းများအား မီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးအတွက်  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဗဟန်းမြို့နယ်တွင် အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများ၏ လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်
Oct 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ဗဟန်းမြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနရုံး အစည်းအ​ဝေးခန်းမ၌ ယမန်​နေ့နံနက် ၁၁း၀၀ နာရီက ဗဟန်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌  မိုးရွာသွန်းမှုကောင်းမွန်သဖြင့် ပဲစင်းငုံသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Oct 11,2023
မကွေးတိုင်းဒေသကြီး ၊ ပွင်ဖြူမြို့နယ်တွင် ပဲမျိုးစုံသီးနှံ အထွက်နှုန်းကောင်းမွန်ရေးအတွက် ယခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး ပဲစင်းငုံသီးနှံစိုက်ဧက ၅၂၃ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း သိရကာ မိုးရွာသွန်းမှုကောင်းမွန်ခဲ့သဖြင့် ပဲစင်းငုံသီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။