ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နိုင်ငံရေးပါတီ (၇) ပါတီအား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး
Jul 22,2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သော ပဲခူးတိုင်းဒေသကြီး နယ်မြေအခြေစိုက် ဖက်ဒရယ်ဒီမိုကရက်တစ် ပါတီ ရန်ကုန်တိုင်းဒေသကြီး နယ်မြေအခြေစိုက် ပြည်သူ့အလုပ်သမားပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက် ရေးပါတီ (Myanmar Farmers' Development Party)၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ (ကျားဖြူပါတီ)၊ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်နှင့် ဧရာဝတီ တိုင်းဒေသကြီး နယ်မြေအခြေစိုက် ကရင်ပြည်သူ့ပါတီ (KPP)တို့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့လွှတ်တော် အဆောက် အအုံရှိ ပုလဲခန်းမ၌ တွေ့ဆုံ၍ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ပါတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှ အခြေအနေများကို စစ်ဆေးသည်။