ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၊ ကျောက်တန်း စံပြကျေးရွာ ချယ်ရီပန်းပင်များ၌ သဘာဝမြေဩဇာ၊ သဘာဝမြေဆွေး စိုက်ထည့်နေမှုအား ကြည့်ရှုအားပေး

ဟိုပုံး ဇူလိုင် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်းစံပြ ကျေးရွာရှိ ချယ်ရီပန်းပင်များ၌ သဘာဝမြေဩဇာ၊ သဘာဝ မြေဆွေးစိုက်ထည့်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အဆိုပါကျေးရွာတွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်လှသိန်း၊ မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်း၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီး ဌာနနှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများ၊ ကျောင်းတန်းစံပြကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများအား ချယ်ရီပန်းပင် များကို အပင်ရှင်သန်ကြီးထွား အောင်မြင်ပြီး အပွင့်ပွင့်နိုင်စေရန် ချယ်ရီပန်းများကို စနစ်တကျထိန်းသိမ်းနည်း၊ သဘာဝမြေဩဇာ၊ သဘာဝ မြေဆွေးများ စိုက်ထည့်နည်းများကို သရုပ်ပြသခဲ့ကြသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်လှသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်း၊ မြို့နယ်ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်သစ်တော်ဦးစီးဌာနနှင့် တာဝန်ရှိသူများ၊ ကျောင်းတန်း စံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများက ချယ်ရီပန်းပင် စုစုပေါင်းအပင်(၃၂၀)ပင်တို့တွင် ချုံနွယ်၊ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ မြေဆွခြင်း၊ သဘာဝမြေဩဇာ၊ သဘာဝမြေဆွေးများ စိုက်ထည့်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဆောင်ရွက်နေမှုအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

ဟိုပုံးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၃၅၄၁ ပေတွင် တည်ရှိပြီး ဆောင်းတွင်းကာလများတွင် ရာသီဥတုသည် သိသိသာသာအေးချမ်းသည့် တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်သည်။ တောင်ပေါ် မြို့ဖြစ်သည်နှင့် အညီ ချယ်ရီပန်းများသည်လည်း ဖူးပွင့်ဝေဆာလျက်ရှိကြသည်။ ချယ်ရီပန်းများပွင့်သည့် ရာသီတွင်သာ စိတ်နှလုံးကြည်နူးဖွယ်ခံစားရရှိနိုင်သည့် သဘာဝအလှအပများနှင့် ဒေသခံတိုင်းရင်းသား တို့၏ ရိုးရာယဉ်ကျေးမှုများ၊ ဒေသထွက်ကုန်များနှင့် အစားအစာများကို အခြေခံကာ ခရီးသွား လုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရေးဆောင်ရွက်မှုများဖြင့် ကျောင်းတန်းစံပြကျေးရွာချယ်ရီ မြေအဖြစ် ထင်ရှား ကျော်ကြားလာမည်ဖြစ်ကြောင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် မိမိတို့ဒေသ၏ အထိမ်းအမှတ်ချယ်ရီပင်များကို ထိန်းသိမ်းပြုစုခြင်း၊ တိုးချဲ့စိုက်ပျိုး ခြင်း၊ မြို့ရွာဒေသများ သန့်ရှင်း သာယာလှပရေး၊ သဘာဝပတ်ဝန်းကျင်ကို မပျက်စီးအောင် ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ် ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)