ပိုင်ကျုံ ဇူလိုင် ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ပိုမိုရရှိစေရန် ရည်ရွယ်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက ပိုင်ကျုံမြို့ အ-မ-က(ပညာပလီး)ကျောင်း တွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲလုပ်ငန်းများ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နော်ခူးခူးက နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် မိမိဌာနလုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားပြီး ကျောင်းသားလူငယ်များ သိရှိလိုက်နာ ရှောင်ရှားသင့်သည့် မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့်အကြောင်းအရာ များနှင့် မိမိပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ပလတ်စတစ် ညစ်ညမ်းမှု၏ ဆိုးကျိုးအကြောင်းကို စကောကရင်ဘာသာဖြင့် ဟောပြောခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့်ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး နံရံကပ်စာစောင်များ ပြသထားရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
နော်ခူး (ပြန်/ဆက်)