သတင်းများ

လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Oct 13,2023
တနင်္သာရီတိုင်းဒေသကြီး၊   ဘုတ်ပြင်းခရိုင်၊   ပြည်ကြီးမဏ္ဍိုင်မြို့တွင်   လူငယ်များဗလငါးတန် ဖွံ့ဖြိုး တိုးတက်စေရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်း ( ပြည်ကြီးမဏ္ဍိုင် ) ကျောင်းတွင်ကျင်းပခဲ့သည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့အတွင်း ရေများပြန်လည်ကျဆင်းလာပြီဖြစ်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် စတင်ဆောင်ရွက်
Oct 13,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့အတွင်း ရေများပြန်လည်ကျဆင်းလာပြီးဖြစ်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် စတင်ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
ကျောက်ဖြူမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခမ်းအနားမှူး သင်တန်း (၁/၂၀၂၃) လက်တွေ့ဆန်းစစ်ခြင်းများ ပြုလုပ်ဆောင်ရွက်
Oct 13,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်း (၁/၂၀၂၃) လက်တွေ့ဆန်းစစ်ခြင်းများကို ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ  ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးနှင့်သင်တန်းနည်းပြဆရာ၊ ဆရာမများ၊ ခရိုင်ထွေ/အုပ်ဝန်ထမ်းများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
ပေါင်းတည်၌ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Oct 13,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ပြည်ခရိုင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဦးဆောင်၍ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမဆောင်၌ ကျင်းပ ပြုလုပ်သည်။
မိုးညှင်းမြို့နယ် ကျေးရွာများတွင် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးအသင်းမှ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေး
Oct 13,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးရွာများတွင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးအသင်းနှင့် ဒေသခံတောင်သူများမှ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဒိုက်ဦးမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ
Oct 13,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၊ ဒိုးတန်းကျေးရွာ၊ ကွင်းအမှတ်(၃၁၄/ခ)၊ ချိုလှကွင်း၊ ဦးပိုင်အမှတ်(၂၃/၁)၊ တောင်သူ ဦးမောင်စိုး စိုက်ပျိုးထားသည့် ဆင်းသုခ စပါးမျိုးသန့်စိုက်ခင်းအား မြို့နယ်ကိုယ်စားပြုမိုးစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်သည်။
ဝေါမြို့၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ
Oct 13,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်လာစေရန် ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ၊ အတတ်ပညာ များဖလှယ်နိုင်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀:၀၀ နာရီတွင် ဝေါမြို့အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ပုဂံ၌ ကျင်းပကြောင်း သိရသည်။
ကျောက်တော်မြို့ ရွာမရပ်ကွက်အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ဟောပြောပွဲ၊ နံရံကပ် ဓါတ်ပုံပြပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲပြုလုပ်
Oct 13,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဟောပြောပွဲ၊ နံရံကပ်ဓါတ်ပုံပြပွဲနှင့်နံရံကပ်စာ‌ စောင်ပြပွဲကျင်းပပြုလုပ်ခြင်းကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ရွာမရပ်ရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။