သတင်းများ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြီးမှူး၍ မိုခါမုန်တိုင်းသင့်ဒေသများရှိ ပြည်သူများအားငွေသားနှင့်‌ သောက်ရေသန့်များထောက်ပံ့ပေးအပ်
Oct 13,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မိုခါမုန်တိုင်းသင့်ဒေသများအား ကူညီထောက်ပံခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လယ် ၁၂ နာရီအချိန်က စေတီယင်္ဂဏဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် အကျိုးခံစားခွင့်ရှိသူများအား ငွေသားထောက်ပံ့ပေးခြင်း အစီစဥ်ကိုပြုလုပ်ကျင်းပရာ ရသေ့တောင်မြို့နယ် ကြက်ခြေနီ အသင်းမှ အသင်းဝင်များနှင့် စေတနာရှင်လူငယ်(၃၀)ဦးခန့်က ပါဝင်အင်အားဖြည့် လုပ်အားပေးခဲ့ကြသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြို့တော်ခန်းမသစ် တည်ဆောက်နိုင်ရေး ပန္နက်တင်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်
Oct 13,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် မြို့တော်မြစ်ကြီးနားမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ ခေတ်နှင့်လျော်ညီသည့် ခေတ်မီ မြို့တော်ခန်းမသစ် တည်ဆောက်နိုင်ရေးအတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်းရှိ မူလမြို့တော်ခန်းမဟောင်း မြေနေရာ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ခဲ့သည့် ပြည်သူများအား ဆန်ရိက္ခာနှင့် စားသောက်ဖွယ်ရာများထောက်ပံ့ပေး
Oct 13,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ဒဏ်သင့်ခဲ့သည့် ကျေးရွာအုပ်စု (၁၂) ခုမှပြည်သူများအတွက် နိုင်ငံတော်အစိုးရထံက ထောက်ပံ့ပေးအပ်သည့် ဆန်ရိက္ခာနှင့်စားသောက်ဖွယ်ရာများကို ယမန်နေ့က ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ရုံဂိုဒေါင်၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့သည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် (Community Center)၌ စာဖတ်ဝိုင်းကျင်းပ
Oct 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လယ် (၁)နာရီက မြို့နယ်စာရေးဆရာအသင်းအဖွဲ့များနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
မလှိုင်မြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ခုနှစ် မိုးစပါး မျိုးသန့်စိုက်တောင်သူများအား ယူရီယားမြေသြဇာများ စုပေါင်းရောင်းချပေး
Oct 13,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစိုက်ဧက(၅၉၁၉)ဧကမှ စပါးမျိုးစေ့ထုတ်ဧကများ တင်း(၁၀၀)နှင့်အထက်ထွက်ရှိရေး စံပြကွက်များ၊ မျိုးသန့်စံပြရွာ စိုက်ဧကများ၊ မျိုးသန့်စိုက်ခင်းများအတွက် ယူရီယားမြေသြဇာ စုပေါင်းရောင်းချပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ပဲခူးမြို့ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့်စားသောက်ဖွယ်ရာများ လှူဒါန်း
Oct 13,2023
မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာဒေါ်သက်သက်ဇင်သည် ယမန်နေ့နံနက်ပိုင်းက ဒုတိယဥက္ကဋ္ဌ (၁) ဒေါ်တင်တင်လတ်၊ အတွင်းရေးမှူး ဒေါ်မြတ်မြတ်ဦး၊ စည်းကမ်းထိန်းသိမ်းရေးဌာနကြီးမှူး ဒေါ်သင်းမျိုးမျိုးအောင်တို့နှင့်အတူ ပဲခူးမြို့ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့်စားသောက်ဖွယ်ရာများ လာရောက်လှူဒါန်း ပေးကြကြောင်း သိရသည်။
တောင်ငူမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်စီမံခန့်ခွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 13,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်း စစ်တောင်းမြစ်ရေ မြင့်တက်လာမှုကြောင့် သဘာဝဘေးအန္တရာယ်ကြိုတင်စီမံခန့်ခွဲနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နတ်သျှင်နောင်ခန်းမ၌ ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ကျင်းပသည်။
လူငယ်များအလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးလုပ်ငန်း၊ အခြေခံနှင့် မွမ်းမံစက်ချုပ် နည်းပညာသင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကျင်းပ
Oct 13,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်