ပေါက်တော ဇူလိုင် ၂၂
လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းတွင် အထက (ပေါက်တော)ရှိ စုပေါင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က အဖွင့်အမှာစကားပြောကြားပြီး လူငယ်နှင့်ရည်မှန်းချက်၊လူငယ်နှင့်စာရိတ္တ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူး ဉီးဝင်းမင်းစိုးက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကြီးပွားရေး ခေါင်းစဥ်များဖြင့်လည်းကောင်း ဟောပြောကြပြီး တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် တာဝန်ရှိသူများကပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးကြသည်။ အဆိုပါဟောပြောပွဲသို့ ပေါက်တောမြို့ အ.ထ.ကကျောင်းမှ ကြီးကြပ်ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ထို့ပြင် ခန်းမအတွင်း ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် ကလေးအလုပ်သမားများ ပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် လူကုန်ကူးမှု အသိပညာပေး နံရံကပ်စာစောင် များကို စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဝင်းမင်းစိုး (ပြန်/ ဆက်)