သတင်းများ

ချောင်းဆုံမြို့နယ် ကုလားဘီကျေးရွာတွင် ဒေသတွင်းစားသုံးဆီဖူလုံရေး နေကြာသီးနှံစိုက်ပျိုးတောင်သူများအား နည်းပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်
Oct 11,2023
စားနပ်ရိက္ခာဖူလုံရေးကို ရှေးရှုပြီး ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်ရန် တောင်သူများ ဝင်ငွေတိုးတက်ရရှိစေနိုင်သည့် သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းတိုးတက်စေရန်အတွက် တောင်သူများနေကြာသီးနှံစိုက်ပျိုးခြင်းဖြင့် အချိန်တိုအတွင်းအကျိုးအမြတ်များရရှိစေရန်အတွက် ယနေ့နံနက်က  ချောင်းဆုံမြို့နယ် ကုလားဘီကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
နတ်တလင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Oct 11,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများတွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ခရိုင်လဝကမှူးမှ ယာယီနယ်စပ်ဖြတ်သန်းသွားလာခွင့်လက်မှတ်(TBP)များဖြင့် တရုတ်နိုင်ငံသို့ ဝင်ရောက်နေသည့် ပြည်သူများအား ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်
Oct 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ နယ်စပ်ဖြတ်သန်းသွားလာရေးဂိတ်များဖြစ်သော နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့တွင် အောက်တိုဘာလ(၇)ရက်နေ့တွင် ပြုလုပ်ဆောင်ရွက်ပေးခဲ့သော ယာယီနယ်စပ်ဖြတ်သန်းသွားလာရေးလက်မှတ်(TBP)များဖြင့် ဝင်ရောက်နေသည့် ပြည်သူများကို ယမန်နေ့ နေ့လယ်(၁၃း၀၀)အချိန်က မူဆယ်ခရိုင်လဝကမှူးမှ နန်းတော်ဂိတ်တွင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် လူငယ်များဗလငါးတန်ပြည့်ဝစေရန်အတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပဆောင်ရွက်
Oct 11,2023
လူငယ်ဟူသည် အနာဂတ်၏ အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်နှင့်အညီ လူငယ်များ ဗလငါးတန်နှင့်ပြည့်ဝစေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဒေါပုံမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် သက်ဆိုင်ရာဌာနများမှပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မောက်မယ်မြို့နယ်၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Oct 11,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများတို့နှင့် စာရေးများတို့က လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
ရွှေတောင်မြို့နယ် လူထုခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မြန်မာ့ရိုးရာစကားထာဥာဏ်စမ်းပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကျင်းပ
Oct 11,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းကမျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်နှင့်လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ မြန်မာ့ရိုးရာစကားထာဥာဏ်စမ်းပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကျင်းပခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနက ကယားပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော် ၊ ဆီ ၊ ဆားနှင့် ကုလားပဲများလှူဒါန်း
Oct 11,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှားတောမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးအနေဖြင့် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများတွင် ဆွမ်းဆန်တော်ပြည့်စုံစေရေးအတွက် ဆန်၊ ဆီ၊ ဆားနှင့်ကုလားပဲများ လှူဒါန်းလျက်ရှိသည်။