သတင်းများ

နမ္မတူမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ မိသားစုဝင်များနှင့် စက်ရုံအလုပ်ရုံတို့ရှိ ပြည်သူစုစုပေါင်း ၈၂၁ဦးတို့အား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူ၍ Unique ID နံပါတ်စာရွက်များ ထုတ်ပေးပြီးဖြစ်
Jul 22,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နမ္မတူမြို့နယ် ဦးစီးမှူးရုံးမှ ဇူလိုင်လ (၃)ရက်နေ့မှ စတင်ကာ နိုင်ငံသား တစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ယနေ့အထိ ဌာနဆိုင်ရာဝန်ထမ်းများ၊ မိသားစုဝင်များနှင့် စက်ရုံအလုပ်ရုံတို့ရှိ ပြည်သူ စုစုပေါင်း ၈၂၁ ဦးတို့အား ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူ၍ Unique ID နံပါတ် စာရွက်များ ထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။
သီပေါမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့နံနက် (၉)နာရီအချိန်က ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
စဉ့်ကူးမြို့တွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ
Jul 22,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၌ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ (၃)နာရီအချိန်က ကျင်းပခဲ့သည်။
ငဖဲမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၉၄၇) ဦး၏ ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူပြီးစီး
Jul 22,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးပွားမောင်နှင့် ဝန်ထမ်းများက (Biometric) အချက်အလက်များ ကောက်ယူခြင်းကို ဇွန်လ ၂၂ ရက်နေ့က စတင်၍ ဆောင်ရွက်ခဲ့ရာ ယနေ့ထိ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၉၄၇)ဦး၏ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
နမ္မတူတွင် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်လှစ်
Jul 22,2023
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်း ကျရောက်နိုင်ခြေရှိသော ဘေးအန္တာရာယ်အမျိုးမျိုးတို့၏ ဆိုးကျိုးသက်ရောက်မှုများ ရှောင်လွှဲ၊ ရှောင်ရှားနိုင်စေရန်နှင့် ထိခိုက် ဆုံးရှုံးမှုများ လျော့ပါးသက်သာစေရန်ရည်ရွယ်၍ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ (၂၁)ရက်နေ့ နံနက် (၉)နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လွိုင်လင်မြို့ အ.ထ.က(၃)ကျောင်းတွင် မြန်မာ့သိုင်း သင်တန်းဆင်းပွဲကျင်းပ
Jul 22,2023
လွိုင်လင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်  အ.ထ.က (၃) ကျောင်းတို့ ပူးပေါင်း ဖွင့်လှစ်သည့် မြန်မာ့သိုင်း အခြေခံ ၆၃ မောင်း သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ် တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားပြီး ထူးချွန်သင်တန်းသားများအား ဆုချီးမြှင့် ပေးပါသည်။
ပေါက်ခေါင်းမြို့နယ်၌ ဆီထွက်သီးနှံ မိုးမြေပဲနှင့်မိုးနှမ်း (၅၀၁၆၅) ဧက စိုက်ပျိုးပြီးစီး၍ အောင်မြင်ဖြစ်ထွန်း
Jul 22,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်တောင်သူများ၏ လယ်ယာမြေများတွင် စိုက်ပျိုးထားရှိသော ဆီထွက်သီးနှံ မိုးမြေပဲနှင့်မိုးနှမ်း (၅၀၁၆၅)ဧကကို ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
စလင်းမြို့အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရေးအချက်အလက် (Bigoraphic Data) နှင့် ဇီဝအချက် အလက်စာရင်း ကောက်ယူခြင်း ဆောင်ရွက်
Jul 22,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ၏ နိုင်ငံသားတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ (Biographic Data)နှင့် ဇီဝအချက်အလက်များ (Biometric Data) ကောက်ယူခြင်းကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်အချိန်ကစ၍ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းရှိ စာသင်ခန်းမဆောင်တွင် ဆောင်ရွက်ပေးလျက်ရှိသည်။