လားရှိုး ဇူလိုင် ၂၂
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ် တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ညနေပိုင်းက တိုင်းစစ်ဌာနချုပ်ဇေယျသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ တွဲဖက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အရာရှိစစ်သည် ၊မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အား ကစားသမားများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်ပရိသတ်များ တက်ရောက်ခဲ့ ကြသည်။
ဗိုလ်လုပွဲတွင် တိုင်းစစ်ဌာနချုပ်စခန်းရုံးအသင်းနှင့် လားရှိုးတပ်နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားရာ လားရှိုးတပ်နယ်အသင်းက တိုင်းစစ်ဌာနချုပ်စခန်းရုံးအသင်းကို သုံးဂိုးနှစ်ဂိုးဖြစ်အနိုင်ရရှိသွားကြောင်း သိရသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ပြုလုပ်ရာ အသင်းလိုက်ဆုရရှိကြသူများ၊ တစ်ဦးချင်းဆုရရှိ သူများ၊ ဒိုင်အဖွဲ့ဝင်များနှင့် တံခွန်စိုက်ဒိုင်းဆုရရှိသော လားရှိုးတပ်နယ်အသင်းတို့အား တိုင်းမှူးနှင့် တာဝန် ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၈ သင်းဖြင့် အုပ်စုနှစ်စုခွဲကာ ဇူလိုင်လ ၁၂ ရက်နေ့မှ စတင်ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
စိုင်းထွန်း (လားရှိုး)