ရခိုင်ပြည်နယ် မောင်တောမြို့တွင် အီးအမ်ဘိုကာရှီနှင့် စူပါဘိုကာရှီ သဘာဝဓာတ်မြေဩဇာပြုလုပ် သုံးစွဲနည်း သရုပ်ပြပွဲကျင်းပပြုလုပ်

မောင်တော ဇူလိုင် ၂၂

ရခိုင်ပြည်နယ် မောင်တောမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးရွာများရှိ တောင်သူများ အသုံးပြုနိုင်ရေးအတွက် အီးအမ်ဘိုကာရှီနှင့် စူပါဘိုကာရှီ သဘာဝဓာတ်မြေဩဇာ ပြုလုပ်သုံးစွဲနည်း သရုပ်ပြပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်  မြို့ဦး ရပ်ကွက်၊ ဇူလကျေးရွာတွင် ကျင်းပြုလုပ်ခဲ့ရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မောင်တောခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးက အမှာစကား ပြောကြားခဲ့ပြီး ခရိုင် စိုက်ပျိုးရေးဦးစီးမှူးက ဘိုကာရှီမြေဆွေးပြုလုပ်သုံးစွဲရခြင်း၏ အကျိုးကျေးဇူးများအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးခိုင်ထွန်းမောင်က အီးအမ်ဘိုကာရှီ နှင့် စူပါဘိုကာရှီ သဘာဝဓာတ်မြေဩဇာ ပြုလုပ်သုံးစွဲနည်း သရုပ်ပြပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက်  အီးအမ်ဘိုကာရှီနှင့် စူပါဘိုကာရှီ သဘာဝဓာတ်မြေဩဇာ ပြုလုပ် သုံးစွဲနည်း သရုပ်ပြပွဲကို ကျင်းပပြုလုပ်ရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  မြေအသုံးချရေး တာဝန်ခံ ဒေါ်ခင်ဆွေအေးနှင့် ဝန်ထမ်းများက  အီးအမ်ဘိုကာရှီနှင့် စူပါဘိုကာရှီ သဘာဝဓာတ်မြေဩ ဇာ ပြုလုပ်ပုံအဆင့်ဆင့်အား လက်တွေ့သရုပ်ပြသခဲ့ကြပြီး တောင်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ ကြကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်