ပုဏ္ဏားကျွန်း အောက်တိုဘာ ၁၃
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ဒဏ်သင့်ခဲ့သည့် ကျေးရွာအုပ်စု (၁၂) ခုမှပြည်သူများအတွက် နိုင်ငံတော်အစိုးရထံက ထောက်ပံ့ပေးအပ်သည့် ဆန်ရိက္ခာနှင့်စားသောက်ဖွယ်ရာများကို ယမန်နေ့က ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ရုံဂိုဒေါင်၌ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့သည်။
ရခိုင်ပြည်နယ်ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးသည့် ဆန်အိတ် (၂၂၃၇)အိတ်နှင့် ခေါက်ဆွဲထုတ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ခဲ့သည့် ရပ်ကွက်/ကျေးရွာ(၃၆)အုပ်စုသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး ယမန်နေ့က ကျေးရွာအုပ်စု(၁၂)အုပ်စုအတွက် ဆန်ရိက္ခာ(၆၆၀)အိတ်နှင့် ခေါက်ဆွဲထုတ်များကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှသိရသည်။
နီထွန်းအောင်(ပြန်/ဆက်)