လှိုင်သာယာ(အရှေ့ပိုင်း) အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လယ် (၁)နာရီက မြို့နယ်စာရေးဆရာအသင်းအဖွဲ့များနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
အဆိုပါစာဖတ်ဝိုင်းတွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းများ၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ ဟောပြောပွဲများ၊ ပြပွဲပြိုင်ပွဲများကို ကျောင်းသား၊ကျောင်းသူများအား အသိပညာပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးစီးအရာရှိ ဒေါ်ခင်၀င်းမူက ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ကျောင်းများတွင် အားကစားပြိုင်ပွဲများကျင်းပလိုကြောင်း၊ လိုအပ်သလိုအားကစားပစ္စည်းများ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း မြို့နယ်အားကာမှူး ဒေါဖြိုးမွန်စံက ပြောကြားပြီး အခြေခံပညာဦးစီးဌာနမှ အထက်တန်းခွဲကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးလွင်မှ ဟောပြောပွဲအတွက် ကျင်းပပြုလုပ်နိုင်မည့်ကျောင်းများကိုလည်း ရွေးချယ်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာဖတ်၀ိုင်းတွင် သုတပဒေသာလူငယ်ရေးရာစာစောင် စာရေးဆရာ နေသူရိန်ရေးသားသော လူငယ်များ ရှောင်ရှားသင့်သော မူးယစ်ဆေးဝါး (Party Drug) များအကြောင်းကို စာရေးဆရာ ဦးဟန်သူရက ဆွေးနွေးပြောကြားပြီး ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးခုန်နှုန်းမြန်စေပြီး နှလုံးရောဂါဖြစ်စေကြောင်း၊ နှလုံးသွေးကြောပိတ်၍ လေဖြတ်နိုင်သည့်ရောဂါများ၊ ဆေးဝါးများသုံးစွဲခြင်း၏ ဘေးအန္တရယ်အကြောင်းကို ဒုတိယဦးစီးမှူး ဒေါ်မာချိုဝင်းက ဖတ်ကြားပြီး တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူများအသင်း စာရေးဆရာများက အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)