ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြီးမှူး၍ မိုခါမုန်တိုင်းသင့်ဒေသများရှိ ပြည်သူများအားငွေသားနှင့်‌ သောက်ရေသန့်များထောက်ပံ့ပေးအပ်

ရသေ့တောင် အောက်တိုဘာ ၁၃

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မိုခါမုန်တိုင်းသင့်ဒေသများအား ကူညီထောက်ပံခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လယ် ၁၂ နာရီအချိန်က စေတီယင်္ဂဏဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် အကျိုးခံစားခွင့်ရှိသူများအား ငွေသားထောက်ပံ့ပေးခြင်း အစီစဥ်ကိုပြုလုပ်ကျင်းပရာ ရသေ့တောင်မြို့နယ် ကြက်ခြေနီ အသင်းမှ အသင်းဝင်များနှင့် စေတနာရှင်လူငယ်(၃၀)ဦးခန့်က ပါဝင်အင်အားဖြည့် လုပ်အားပေးခဲ့ကြသည်။

ထိုသို့ထောက်ပံ့ပေးရာတွင် အကျိုးခံစားခွင့်ရှိသူ အိမ်ထောင်စု(၁)စုလျှင် ငွေကျပ်(၂)သိန်းနှုန်းနှင့် သောက်ရေသန့်(၁) လီတာ(၆)ဘူး တစ်ကဒ်စီဖြင့် တောင်ရင်းတန်းရပ်ကွက်ရှိ အိမ်ထောင်စု(၁၇၈)စုအတွက် ငွေကျပ်(၃၅၆၀၀၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်ပြန်/ဆက်)