သတင်းများ

မအီမြို့၌ စိုက်ပျိုးရေးမွေးမြူရေးကဏ္ဍများ တိုးတက်မြင့်မားရေးအတွက် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်
Jul 23,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ တိုးတက်မြင့်မားရေးအတွက် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခြင်းကို ရပ်ကွက်/ကျေးရွာအုပ်စု စိုက်ပျိုးမွေးမြူရေးကဏ္ဍတိုးတက်မြင့်မားရေးအဖွဲ့(၆)မှ ယမန်နေ့နံနက်ပိုင်းက ဇနီကျေးရွာအုပ်စု၊ ဆားပြင်ကျေးရွာအုပ်စုနှင့် ပဒါကျေးရွာအုပ်စုပ်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမ်းမြို့နယ်၌ မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံကာဒေသဖွံ့ဖြိုးရေးဆောင်ရွက်
Jul 23,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး မိုးစပါး ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍  ယနေ့ နံနက်(၁၀)နာရီအချိန်က အမ်း မြောက်ကျေးရွာအုပ်စု၊ ဆူးပုတ်ပျဉ်းတောကျေးရွာ အခြေခံပညာမှုလတန်းကျောင်း၌ ဒေသခံပြည်သူများနှင့် တွေဆုံပွဲကျင်းပပြုလုပ်ခဲ့သည်။ 
ဝမ်လွိုင်ကျေးရွာရှိ ရွာသူရွာသားများအား ပန်းခင်းစီမံချက်၂ဖြင့် ဆောင်ရွက်ပေး
Jul 23,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းမြင့်ဝင်းနှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက်၂ဖြင့်
သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲ ကျင်းပ
Jul 23,2023
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ် ကြက်ခြေနီအသင်းခွဲ တို့ပူးပေါင်းဖွင့်လှစ်ခဲ့သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲကို ယမန်နေ့က အဆိုပါ ပညာရေးဒီဂရီ‌ကောလိပ်၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်းတက်ေရာက် အမှာစကား ပြောကြားခဲ့သည်။
မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌  (၇၈) ကြိမ်မြောက် စာဖတ်ဝိုင်း ကျင်းပ
Jul 23,2023
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝါသနာတူသူများစုစည်း၍  Book Club ၊ Women Club ၊ Youth Club များဖွဲ့စည်းကာ လူထုအခြေပြုဗဟိုဌာန Community Centre လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ
ကလေးဝမြို့တွင် မြစ်ရေကြီးခြင်းသတိပေးချက်အား လှည့်လည်ကြေငြာ
Jul 23,2023
ကလေးဝမြို့နယ်တွင် ချင်းတွင်းမြစ်ရေသည် ယမန်နေ့နံနက် ၆နာရီအချိန်တိုင်းတာချက်အရ ၁၃၇၁စင်တီမီတာသို့ရောက်ရှိနေပြီး ဇူလိုင်လ တတိယပတ်အတွင်း လက်ရှိရေအမှတ်အထက် ၂ပေခန့် ပိုမိုရောက်ရှိလာနိုင်သဖြင့်မြစ်ကမ်းဘေးနှင့် မြေနိမ့်ပိုင်းတွင်နေထိုင်ကြသောပြည်သူများ ရေဘေးအန္တရာယ်သတိပြုနေထိုင်ကြရန်
မကွေးမြို့မဟာဝိသုတာရာမကျာင်းတိုက်ရှိ ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းဆက်ကပ်ခြင်း အလှူတော်မင်္ဂလာ ပြုလုပ်
Jul 23,2023
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မဟာဝိသုတာရာမကျာင်းတိုက်ရှိ ဆရာတော်ကြီး(၉)ပါးတို့အား ဝါဆိုသင်္ကန်းဆက်ကပ်ခြင်း အလှူတော်မင်္ဂလာကို ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းတိုက်ရှိ သာသနဓာမကသိမ်တော်၌ပြုလုပ်ရာ မဟာဝိသုတာရာမကျာင်းတိုက်၏  ဦးစီးပဓာနနာယကဆရာတော် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဘဒ္ဒန္တတိလောက အမှူးပြုသော ဆရာတော်ကြီးများကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
မြောင်းမြခရိုင် Community Centre ခန်းမတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး အသိပညာပေး နံရံကပ်စာစောင်ပြသ
Jul 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်ပြပွဲကို  ယနေ့နေ့လယ်က ပြသခဲ့သည်။