မက်မန်းမြို့နယ်တွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

မက်မန်း အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်၏ ထောက်ပံ့ပေးအပ်ခြင်း အစီအစဉ်ဖြင့် မက်မန်းမြို့နယ်အတွင်းရှိ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့က မက်မန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ထောက်ပံ့မှုဖြင့် မက်မန်းမြို့နယ်အတွင်းရှိ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ မက်မန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းက အမှာစကားပြောကြားရာတွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် မက်မန်းမြို့နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများအား  သင်ကြားရေးနှင့် ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး၊ ပညာလုပ်ငန်းများတွင် နှစ်ကုန်လျှင် သင်ရိုးညွှန်တမ်များ ကုန်ဆုံးသည့်အထိ သင်ကြားနိုင်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးဆောင်ရွက်နိုင်ရေးတို့အတွက် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကိုယ်စား ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။

ထို့နောက် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှထောက်ပံ့သော အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ထပ်ဆင့်လွှဲပြောင်းပေးအပ်ခဲ့ရာ ပညာရေးဌာနရှိ တာဝန်ခံများနှင့် ကျန်းမာရေးဌာနရှိ တာဝန်ခံများက လက်ခံရရှိခဲ့ကြသည်။ ဆက်လက်၍ “ဝ” ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ မက်မန်းမြို့နယ် ပညာရေးတာဝန်ခံ ဦးနိုင်လင်းဇော်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  တာဝန်ခံ၊ အထက်တန်းသူနာပြု၊ ဒေါ်နန်းသီတာတို့မှ ကျေးဇူတင်စကား ပြန်လည်ပြောကြားခဲ့သည်။ အဆိုပါ အခြေခံစားသောက်ကုန်များကို ပညာရေးဌာနမှ ဝန်ထမ်း (၁၃၅) ဦးနှင့် ကျန်းမာရေးဌာနမှ (၅၆) ဦး စုစုပေါင်း(၁၉၁)ဦးအား ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)