သီတင်းကျွတ်လပြည့်နေ့နှင့် တန်ဆောင်မုန်းလပြည့်နေ့တို့တွင် အလှူမင်္ဂလာပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေး

မိုင်းယောင်း အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်း၌ ယမန်နေ့က သီတင်းကျွတ်လပြည့်နေ့နှင့် တန်ဆောင်မုန်းလပြည့်နေ့တို့တွင် နိဗ္ဗာန်စျေး၊ ဆီမီးပူဇော်ရေး၊ စာရေးတံမဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူရေး စသည့်အလှူမင်္ဂလာပွဲများ ကျင်းပနိုင်ရေး အတွက် ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်းဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တဘဒ္ဒိယနှင့် ထေရဝါဒဗုဒ္ဓသာသနာပြု မိုင်းယု/ မိုင်းဟန်/ ဝမ်ဇလီလော်/ ကော်ဆမ်မိန်းကျောင်းတို့မှ ဆရာတော်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ ဟောင်ကြန့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေး၊ ဂေါပကအဖွဲ့များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်းဆရာတော်က ဩဝါဒမိန့်ကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက သာသနာရေးဆိုင်ရာများကို ရှင်းလင်းလျှောက်ထားသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာသူများက သီတင်းကျွတ်လပြည့်နေ့နှင့် တန်ဆောင်မုန်းလပြည့်နေ့တို့တွင် အလှူမင်္ဂလာပွဲများ စည်ကားစွာ ပြုလုပ်ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း