မင်းဘူး အောက်တိုဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်တွင် ဒေသတွင်း ဆီထွက်သီးနှံများ အထွက်တိုးစေရေးအတွက် မြေယာပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံမြေပဲစိုက်တောင်သူများထံမှ သိရသည်။
“ကျွန်တော်တို့ တောင်သူတွေအနေနဲ့ မြေပဲ၊ နှမ်း၊ နေကြာစတဲ့ ဆီထွက်သီးနှံများကို စံပြမြေကွက်များတွင် စိုက်ပျိုးထားရှိပြီး မျိုးကောင်းမျိုးသန့်များကိုစိုက်ပျိုးကာ အထွက်နှုန်းများ တိုးတက်ကောင်းမွန်လာစေခြင်း၊ မိသားစုဝင်ငွေကောင်းလာခြင်း၊ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်လာခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ခံစားလိုတာကြောင့် တစ်ဧကအထွက်နှုန်းတိုးစေတဲ့ အပင်တစ်တန်းနှင့် တစ်တန်းကြား ပေါင်ဆွဲ၊ ကြားတိုက်၊ မြေဆွ၊ ပေါင်းမြက်နုတ်ခြင်း၊ သဘာဝမြေဆွေးနှင့် ဓါတ်မြေဩဇာများကို စနစ်တကျကျွေးခြင်းစသော မြေယာပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရပါတယ်” ဟု ကြီးပင်ကန်ကျေးရွာမှ မြေပဲစိုက်တောင်သူ ဦးမောင်လှကပြောသည်။
မင်းဘူး (စကု) မြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံကို ၈၇၀၀၇ ဧက စိုက်ပျိုးထားရှိပြီး၊ နှမ်း ၆၃၇၄၈ ဧက၊ မြေပဲ ၁၆၆၇၁ ဧက၊ နေကြာ ၅၆၈၈ ဧကဖြစ်၍ စုစုပေါင်း ၈၇၀၀၇ ဧက စိုက်ပျိုးထားကြောင်း မင်းဘူးမြို့စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဇော်မင်းသူက ပြောသည်။
ဇေယျာထက်(မင်းဘူး)