သတင်းများ

မှော်ဘီမြို့နယ် သမဝါယမအသင်းစုလီမိတက် (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ဒါရိုက်တာအဖွဲ့ ရွေးချယ်တင်မြှောက်ပွဲအခမ်းအနား ကျင်းပ
Oct 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် သမဝါယမအသင်းစုလီမိတက် (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ဒါရိုက်တာအဖွဲ့ ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်သမဝါယမအသင်းစုလီမိတက်ရုံးခန်းမ၌ ကျင်းပခဲ့သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် တောင်ကြီးမြို့ပေါ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု အားပေး
Oct 14,2023
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အတူ အောက်တိုဘာ(၁၄)ရက် နံနက်(၇)နာရီခွဲက ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့မှ တောင်ကြီးမြို့၊ ဇီဝိတဒါန သံဃာ့ဆေးရုံ၌ ဆေးရုံအဆောက်အဦ အတွင်း၊ အပြင် သန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
သံဖြူဇရပ်၌ အယ်လ်နီညိုအကြောင်း အသိပညာပေးဟောပြောခြင်း ဆောင်ရွက်
Oct 14,2023
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ အယ်လ်နီညိုအကြောင်း အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က ကျိုက္ခမီမြို့၊ အောင်ပင်လယ်ရပ် ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးနှင့်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဆောင်ရွက်သွားမည့် လမ်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Oct 14,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့များသန့်ရှင်းသာယာလှပရေး၊ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းစီမံကိန်းများရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးဦးမျိုးဆွေနှင့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့က မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်း လမ်းများအဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရေးမြို့ ကုတင် (၁၀၀) ပြည်သူ့ဆေးရုံ သန့်ရှင်းသာယာလှပရေး  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Oct 14,2023
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့ နံနက်(၇း၃၀) အချိန်က ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ကုတင် (၁၀၀) ပြည်သူ့ ဆေးရုံဝန်းကျင် အတွင်းအပြင် သန့်ရှင်းရေးကို စုပေါင်း ပြုလုပ်ခဲ့ကြသည်။
မော်လမြိုင်မြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲ ပြုလုပ်
Oct 14,2023
မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်(၉) လူကုန်ကုန်မှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လည်ပိုင်းက အမှတ်(၆) အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်
လွိုင်ကော်မြို့အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
Oct 14,2023
ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့ရွာသန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာ ကောင်းမွန်စေရေး၊ ခြင်အန္တရာယ်နှင့် အခြားရောဂါများ ကင်းဝေးရေးအတွက် ဌာနဆိုင်ရာ ရုံးအဆောက်အအုံများ၊ အဆင့်မြှင်ပညာတက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများ၊ ဝန်ထမ်းအိမ်ရာများ၊ အများပြည်သူများနှင့် သက်ဆိုင်သည့် နေရာများတွင် အပတ်စဉ် စနေနေ့တိုင်းစုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးအတွင်း စုပေါင်းသန့်ရှင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များ ရောင်းချပေးနေမှုများအား လိုက်လံကြည့်ရှုအားပေး
Oct 14,2023
မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာနေဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆေးကုသမှုခံယူနိုင်ရေး၊ ဆေးရုံပတ်ဝန်းကျင် ဥပဓိရုပ်ကောင်းမွန်ရေးနှင့် သန့်ရှင်းသပ်ရပ်စေရေး၊ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် အောက်တိုဘာလ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့များ စုပေါင်း၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြသည်။