စလင်း အောက်တိုဘာ ၁၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်ဝက်စာမေးပွဲကို ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိရာ စလင်းမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း တွင် ယနေ့နံနက် ၉ နာရီအချိန်က ဒုတိယနေ့အဖြစ် Grade-9 ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုကြကြောင်း သိရသည်။
အဆိုပါနှစ်ဝက်စာမေးပွဲများကို မြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတို့အနက် အောက်တိုဘာ(၁၃)ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိပြီး အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် နှစ်ဝက်စာမေးပွဲများကိုလည်း အောက်တိုဘာ(၁၃)ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်၊ မြို့နယ်ပညာရေးမှူး ဦးရာဇာထက်တို့၏ ကြီးကြပ်မှု၊ လမ်းညွှန်မှုနှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသားမိဘများ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတို့တွင် ပထမနှစ်ဝက်စာမေးပွဲကို ကျင်းပလျက်ရှိရာ အခြေခံပညာအထက်တန်းအဆင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် Grade-9 ကျောင်းသား၊ ကျောင်းသူ (၂၂၇)ဦး ဖြေဆိုလျက်ရှိပြီး အောက်တိုဘာ (၂၀)ရက်နေ့အထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ဖြေဆိုလျက်ရှိကြောင်း အမှတ်(၁)အခြေခံပညာအထက်တန်းပြဆရာတစ်ဦးထံမှ သိရှိရသည်။
(မောင်လွင်)စလင်း