စစ်ကိုင်းမြို့ ရပ်ကွက်နေပြည်သူများ အလုပ်အကိုင်ရရှိရေး တန်ဖိုးမြှင့်စားသောက်ကုန်အမျိုးမျိုး ထုတ်လုပ်မှု သင်တန်းဖွင့်လှစ်

စစ်ကိုင်း အောက်တိုဘာ ၁၆

စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း “တန်ဖိုးမြှင့်စားသောက် ကုန် (Bakery) အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာသင်တန်း” ဖွင့်ပွဲကို ယနေ့နံနက် (၁၀)နာရီက အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးအတွက် သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ကြိုးစားသင်ယူသွားကြပါလို့ မှာကြားလိုကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝေလျှံစိုးက ယခုဖွင့်လှစ်ပေးတဲ့ သင်တန်းဟာ ယခင်သင်တန်းများလို မဟုတ်ဘဲ စီမံကိန်းအကောင်းအထည်ဖော် ဆောင်ရွက်ရတာဖြစ်တဲ့အတွက် သင်တန်းသား(၁၀)ဦးထဲမှ အမှန်တစ်ကယ် လုပ်ငန်းထူထောင်လိုသူ (၅)ဦးကို ကော်မတီမှ ရွေးချယ်စိစစ်ပေးပြီး နိုင်ငံတော်မှ အကုန်အကျခံ လုပ်ငန်းထူထောင်ပေးမှာ ဖြစ်တဲ့အတွက် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သက်မှတ်ကာလအချိန်ထိ လေ့လာသင်ကြား ကြိုးစားသွားကြပါလို့ ဆွေးနွေးလိုကြောင်း သင်တန်းကာလက ရက်တိုသင်တန်းဖြစ်တဲ့အတွက် သင်တန်းရက်များ မပျက်ကွက်အောင် သင်ကြားသွားကြပါ အောင်မြင်တဲ့ လုပ်ငန်းရှင်ကြီးများ ဖြစ်အောင်လည်း လက်တွေ့လုပ်ကိုင် ဆောင်ရွက်သွားကြပါလို့ ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို (၇)ကြာ သင်ကြားပြသပေးသွားမှာဖြစ်ပြီး သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၀)ဦးတက်ရောက် သင်ကြားခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်