မိုင်းယောင်း အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒေသတွင်း မီးခိုးမြူငွေ့ဖုံးလွှမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် တောမီးမရှို့ရန် အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အမှတ်(၇)ရပ်ကွက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမာနွယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာတင့်တင့်လွင်နှင့် မြို့နယ်စာတိုက်မှူး ဒေါ်မျိုးဇင်မာဦးတို့က တောင်ယာ၊ တောတောင်များတွင် တောမီးမရှို့ရန်၊ တောမီးရှို့၍ အမဲလိုက်ခြင်းများ မပြုလုပ်ရန်နှင့် အယ်နီညိုကြောင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ အနေဖြင့် ထိခိုက်နစ်နာမှု လျော့ပါးသက်သာရေးအတွက် ရှောင်ရန်/ဆောင်ရန် သိကောင်းစရာအကြောင်းများကို ဟောပြောခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း