ကလိန်အောင် အောက်တိုဘာ ၁၆
ကျောင်းသား၊ ကျောင်းသူများ စာပေဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲက ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့သည်။
စာအုပ်စာစောင်ပြပွဲတွင် သုတ/ရသစာအုပ်မျိုးစုံကို ခင်းကျင်းပြသထားပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းမှ ကျောင်းသား/ကျောင်းသူများ လာရောက်လေ့လာခဲ့ကြသည်။
အဆိုပါစာအုပ်စာစောင်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် အတွေးအခေါ်အသိမြင်များ ဖလှယ်တတ်စေရန်၊ စာပေဖတ်ရှုခြင်းမှ အသိအမြင်ဗဟုသုတများ တိုးပွားလာစေရန်၊ စာပေမှ ရရှိသော ဗဟုသုတများဖြင့် လူမှုပတ်ဝန်းကျင်များ၌ အသုံးချတတ်လာစေရန် စသည့် ့်ရည်ရွယ်ချက်များဖြင့် ယခုကဲ့သို့ စာအုပ်စာစောင်များ ဆောင်ရွက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)