ပုဗ္ဗသီရိမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်း ၁၆ မျိုးနှင့် အလှူငွေ ပေးအပ်

ပုဗ္ဗသီရိ အောက်တိုဘာ ၁၇

ပုဗ္ဗသီရိမြို့နယ်၊ ပုဗွန်ဆိပ်ကျေးရွာအုပ်စု၊ ကျွန်းတောကြီးကျေးရွာမှ ရေဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပစ္စည်း ၁၆ မျိုးနှင့် အလှူငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

ထိုသို့ ပေးအပ်ရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တာရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးလွင်၊ မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးမောင်နှင့် ဝန်ထမ်းများ၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာထွန်းနှင့်ဝန်ထမ်းများ၊ ပုဇွန်ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းတို့မှ  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေဖြင့် ရေကြီးမှုဖြစ်ပွားခဲ့သည့် ရွှေ့ပြောင်းအိမ်ရာ အိမ်ထောင်စုရှိ မိသားစုဝင်များအတွက် အလှူငွေစုစုပေါင်း (၂၆၀၉၀၀-/)ကျပ်နှင့် ထောက်ပံ့ပစ္စည်း ၁၆ မျိုးတို့အား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)