ဂွ အောက်တိုဘာ ၁၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများထံ လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့ ညနေပိုင်းတွင် အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြသည်။
ထိုသို့ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်ခိုင်ထွေးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်အတွင်းရှိအ သက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများထံ တစ်ဦးလျှင် ၃၀၀၀၀/- ကျပ်နှုန်းဖြင့်အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဂွမြို့နယ်အနေဖြင့် အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများအား တစ်ဦးလျှင် ၃၀၀၀၀/- ကျပ်နှုန်းဖြင့် ဘိုးဘွား(၅၅၉) ဦးတို့အတွက်ထောက်ပံ့ငွေများ ပေးအပ်ခြင်းဖြစ်ပြီး ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှုးများကလည်း ဆက်လက်ပြီး မိမိတို့ရပ်ကွက်/ကျေးရွာများအလိုက် အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်