ဝမ်းတွင်း အောက်တိုဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၆၀) စက်မှုလယ်ယာစခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အမှတ်(၆၀)စက်မှုလယ်ယာစခန်း မြို့နယ်ဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးအောင်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းတွင် ပို့ချပေးမည့် ဘာသာရပ်ဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စက်ကိရိယာများကို လှည့်လည်ကြည့်ရှုခဲ့ပြီး သင်တန်းသားများအား စက်ကိရိယာမောင်းနှင် သင်ကြားပေးနေမှုများကို အားပေးခဲ့ကြသည်။
အဆိုပါ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ဦးစီးဌာနမှူး ဦးသိန်းထွန်းစံ၊ မြို့နယ်ဦးစီးဌာနမှူး ဦးတင်မောင်မြင့်(မိတ္ထီလာ)၊ မြို့နယ်ဦးစီးဌာနမှူး ဦးချမ်းမြဇော်(သာစည်)နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြပြီး လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းအား သင်တန်းကာလအနေဖြင့် ရက်သတ္တ(၂)ပတ်ကြာမြင့်မည်ဖြစ်ကြောင်းနှင့် သင်တန်းသား(၃၀)ဦးမှတက်ရောက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်