ပျဉ်းမနား အောက်တိုဘာ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် စားသုံးဆီတစ်ပိဿာလျှင် ၄၆၀၀ ကျပ်နှုန်းဖြင့် စားသုံးသူများ လက်ဝယ်အရောက် ယနေ့နံနက်ပိုင်းတွင် ရောင်းချပေးလျက်ရှိသည်။
အဆိုပါ ရောင်းချမှုတွင် ပျဉ်းမနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးဝေဖြိုးနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဝင်းထွန်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်းများအသင်းမှ အသင်းဝင်များက ပျဉ်းမနားမြို့နယ် ယောက်သွားအင်းကျေးရွာအုပ်စုမှ အမှန်တကယ် လိုအပ်လျက်ရှိသည့် စားသုံးသူ ပြည်သူများအား စားသုံးဆီတစ်ပိဿာ ၄၆၀၀ ကျပ်နှုန်းဖြင့် ဆီပိသာ ၂၇၅၀ အား ရောင်းချပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)