တာမွေ အောက်တိုဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၀) နာရီခွဲအချိန်က Women Club အဖွဲ့၏စီစဉ်မှုဖြင့် ဆံညှပ်ဘိုးကလစ် ပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
ရှေးဦးစွာ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြမှ တက်ရောက်လာကြသူများအား ဆံညှပ်ဘိုးကလစ်ပြုလုပ်နည်း အဆင့်ဆင့်ကို လက်တွေ့ရှင်းလင်း သင်ကြားပြသပေးခဲ့သည်။
အဆိုပါသင်တန်းသို့ Women Club အဖွဲ့ဥက္ကဋ္ဌ ဒေါ်ပျဉ်စီနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ အမျိုးသမီးငယ်များ တက်ရောက်ခဲ့ကြကြောင်းနှင့် မြို့နယ်အတွင်းရှိ အမျိုးသမီးငယ်များ အိမ်တွင်းမှုလုပ်ငန်းပြုလုပ်ခြင်းမှတဆင့် မိသားစုတစ်ပိုင်တစ်နိုင် အပိုဝင်ငွေရရှိစေရန်နှင့် ကိုယ်တိုင်ပြုလုပ်အသုံးပြုခြင်းဖြင့် ငွေကြေးကုန်ကျမှု သက်သာစေရန်အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင် (ပြန်/ဆက်)