ကလောမြို့နယ်၌ ဆောင်ရာသီသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး

ကလော အောက်တိုဘာ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ယနေ့နံနက်ပိုင်းမှစတင်၍ ကလောမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂ အုပ်စုရှိ စိုက်ပျိုးရေး တောင်သူများအတွက် ၂၀၂၃-ခုနှစ် ဆောင်ရာသီ သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးလျှက်ရှိကြောင်းသိရသည်။

အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ပေးရာတွင် ယခင်နှစ် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ် ဆောင်းရာသီသီးနှံစိုက်ပျိုးထုတ်ချေးငွေ (၁၂၇၁) သိန်းကို ထုတ်ချေးပေးခဲ့ပြီး ယခု၂၀၂၃-၂၀၂၄ ခုနှစ်တွင် ကလောမြို့နယ်ရှိကျေးရွာအုပ်စု (၅) အုပ်စုကို(၁၁၈၇) သိန်းထုတ်ချေးရန် လျာထားပါကြောင်း၊ ယနေ့အောက်တိုဘာလ(၁၇)ရက်နေ့တွင်၊ ကလောမြို့နယ်ရှိ ကျောက်ထပ်ကျေးရွာ အုပ်စုရှိ တောင်သူ ၈၉ ဦး၊ဘော်ဆိုင်းကျေးရွာတောင်သူ ၁ ဦး စုစုပေါင်း ၉၀ ဦးကို ဆောင်းရာသီသီးနှံများအတွက် (၅၅၀) သိန်းကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ကျန်ရှိနေသေးတဲ့ ကျေးရွာများကိုလည်း ရက်သက်မှတ်၍ အလှည့်ကျထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ကလောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မြို့နယ်မန်နေဂျာ ဒေါ်နော်ခင်ထွေးမြင့် ထံမှသိရှိရသည်။

ကျော်ဝင်း(ကလော)