သာပေါင်း အောက်တိုဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မြို့နယ်အဆင့် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌမှ ဒုတိယအသုတ် အသားတိုးကြက်မွေးမြုရေး၊ ရေကျနောက်စိုက် စပါးစိုက်ပျိုးရေး လုပ်ငန်းများက ချေးငွေရယူ ဆောင်ရွက်ထားရှိမှုအခြေအနေအား ယမန်နေ့ရက်နေ့၊ မွန်းလွဲ ၃ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မြို့နယ်အဆင့် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်တို့က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၁)ဘီလီယံ MSMEs ချေးငွေမှ (၂၁၀)သိန်း ရယူလုပ်ကိုင်နေကြသည့် ဇီးဖြူကွင်းကျေးရွာအုပ်စု၊ တောင်မရိုးပင် ကျေးရွာ၊ ဦးနေမျိုးထိုက် ပါ(၃)ဦး၊ အစုအဖွဲ့အမှတ်(၁)၊ အောင်တပ် ကျေးရွာအုပ်စု၊ အောင်တပ်ကျေးရွာ၊ နိုင်ငံစီးပွား မြှင့်တင်ရေးရန်ပုံငွေ (၈၆)ဘီလီယံ သွင်းအားစုမှ ရယူထားသည့် ရေကျနောက်စိုက် စိုက်ပျိုးထားရှိမှုလုပ်ငန်းများ တိုးချဲ့ တိုးတတ်ဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)